" ၂၀၁၁ ခုနှစ် ဇွန်လ ၂၇ ရက်နေ့မှ စတင်၍ ပြန်လည်ဖွင့်လှစ်မည့်
သင်တန်းများ၏ သင်ရိုးညွှန်းတမ်းများကို
Training Page အောက်တွင်
သွားရောက်ကြည့်ရှုနိုင်ပါသည်။ "


ရုပ်သံနှင့်မီဒီယာလောကအတွေ့အကြုံများစွာဖြင့်အနုပညာအရင်းခံသောနှလုံးသားတစ်စုံနှင့်အတူခေတ်မီနည်းပညာ ရပ်များ ၊ ဖိုင်နယ်ကဒ်ပရိုဂရမ်ဖြင့် ပန်းသီးပလက်ဖောင်းပေါ်တွင်ကားဆက်ခြင်း၊ အဒိုဘီ ပရိုဂရမ်များ၊ စီနီမာဖိုးဒီ သရီးဒီပရိုဂရမ်၊ ပုံမှန်အရည်အသွေး၊ အဆင့်မြင့်အရည်အသွေးဆိုင်ရာ တည်းဖြတ်ခြင်းများ၊ ကမ္ဘာ့အဆင့်မီ ပရိုဂျူဆာများနှင့် လက်တွဲလုပ်ကိုင်ခဲ့ခြင်းများဖြင့် ကိုယ်ရည်ကိုယ်သွေးကို မြှင့်တင်ခဲ့ပါသည်။

၂၀၀၇ခုနှစ်တွင် အာဆီယံ(၁၀)နိုင်ငံ ခေတ်သစ်မီဒီယာဖန်တီးမှုပြိုင်ပွဲတွင် ထူးထူးနှင့်အံ့ဖွယ်ကျွန်း အယ်နီမေးရှင်း ဇာတ်ကားဖြင့် ဒုတိယဆုဆွတ်ခူးရရှိခဲ့ပြီး ၂၀၀၆ခုနှစ်တွင် ယူနီဆက်နှင့် မြန်မာ့ရုပ်ရှင်အစည်းအရုံးတို့ပူးပေါင်းကျင်းပသော သန့်လေးသန့်ပုံပြဇာတ်ညွှန်းပြိုင်ပွဲတွင် လက်သန့်ကဏ္ဍအတွက် ဆုရရှိခဲ့ပါသည်။

အသေးစိတ်တိကျသော အမြင်ဖြင့် ဒစ်ဂျစ်တယ်ဗီဒီယိုတည်းဖြတ်သူတစ်ဦးဖြစ်ခဲ့ပြီး၊ စနစ်ကျခြင်း၊ ဇာတ်အိမ်ဖွဲ့စည်းမှု အမြင်ရှိခြင်း၊ စည်းချက်နှင့်အရှိန်ကိုနားလည်ခြင်း၊ လွှင့်ထုတ်နိုင်သည်အထိတာဝန်ယူခြင်း၊ မာစတာထုတ်လုပ်ခြင်း တို့အပါအဝင် အသံရောစပ်ခြင်းမှအစ ပြည်တွင်းပြည်ပအဆင့်မီအောင် အရည်အသွေးကိုပြသပေးနိုင်ခဲ့ပါသည်။ ဇာတ်အိမ်ပေါ်လွင်အောင်ဖန်တီးပြသနိုင်ခြင်းနှင့် အပိုအလိုမရှိတည်းဖြတ်နိုင်စွမ်းရည်တို့က ဒါရိုက်တာတစ်ဦးဖြစ်လာသည် အထိ ရပ်တည်နိုင်စေခဲ့သော အကြောင်းအရင်းဖြစ်ပါသည်။ အနုပညာမြောက်အောင်ဖန်တီးနိုင်စွမ်းအားအပေါ် စိန်ခေါ်မှုအမျိုးမျိုးကိုရင်ဆိုင်နိုင်ခဲ့ပြီး မှန်ကန်တိကျသော လုပ်ငန်းစဉ်မှ စ၍ အောင်မြင်မှုတစ်ခုအတွက်ဖြတ်သန်း ကြိုးစားခဲ့ပါသည်။ လုပ်ငန်းအပ်နှံသူများအပေါ် စေတနာထားနားလည်ခြင်း၊ အဖွဲ့အစည်းများနှင့်အောင်မြင်စွာ ပေါင်းစည်း လုပ်ကိုင်နိုင်ခြင်းတို့ဖြင့် ကြေးစားပီသမှုကိုပြသလျှက်ရှိပါသည်။

အနုစိတ်အာရုံခံစားမှု၊ သိစိတ်စီးကြောင်းပုံဖော်မှုများ .......Youtube ပေါ်တွင် ကြည့်ရန်!!
ဘဝလမ်းကြောင်းနှင့် ကြေးစားစိတ်ဓါတ်ရုပ်ပုံလွှာ.......................ကိုယ်ရေးအကျဉ်းကိုရယူပါ !!

ဝန်ဆောင်မှုများ

ရုပ်မြင်ကြော်ငြာရိုက်ကူးခြင်း
(ဇာတ်လမ်း၊ ဇာတ်ညွှန်းမှ ရိုက်ကူးတည်းဖြတ်သည်အထိ)
Max Soda 2004, Max Power 2006, Java 2006, Lolane 2006, BaB 2009



မှတ်တမ်းကားများရိုက်ကူးခြင်း
(ဇာတ်လမ်း၊ ဇာတ်ညွှန်းမှ ရိုက်ကူးတည်းဖြတ်သည်အထိ)
Good Will Productions For IDE Myanmar 2009



ကုမ္ပဏီလုပ်ဆောင်မှုပြဗီဒီယိုများရိုက်ကူးထုတ်လုပ်ခြင်း
(ဇာတ်လမ်း၊ ဇာတ်ညွှန်းမှ ရိုက်ကူးတည်းဖြတ်သည်အထိ)
10th Anniversary RPMM 2005, Ministry Of Commerce 2009


အထူးပြုလုပ်ချက်နှင့် ကာတွန်းဇာတ်ကားများဖန်တီးခြင်း
(ဇာတ်လမ်း၊ ဇာတ်ညွှန်းမှ ရိုက်ကူးတည်းဖြတ်သည်အထိ)
Htoo Htoo In Wonder Island 2007


အထူးသင်တန်းများပို့ချခြင်း
(ပုံမှန်နှင့် အဆင့်မြင့်ဗီဒီယိုတည်းဖြတ်နည်းပညာ သင်တန်းများ)
Go to training page


စင်မြင့်ပွဲများအတွက်ဝန်ဆောင်မှု
( LED နောက်ခံများဖန်တီးတင်ပြပေးခြင်း
Multi-cam စနစ်ဖြင့် ရိုက်ကူးတည်းဖြတ်ခြင်း)
City FM 7th Anniversary 2008, Miss People 2009


HD/SD တည်းဖြတ်စက်များ တင်သွင်းတပ်ဆင်ပေးခြင်းနှင့်
လေ့ကျင့်သင်ကြားပေးခြင်း

People Media HD/SD Edit Room